Jump to content

အကူအညီ:ဘာသာပြန်ဆိုခြင်း

From Wikispecies
This page is a translated version of the page Help:Translation and the translation is 100% complete.

ကျွန်ုပ်တို့သည် ဝီကီမျိုးစိတ်ဝဘ်ဆိုက်ကို ဘာသာစကားအားလုံးနှင့် လိုက်လျောအောင်တတ်နိုင်သမျှကြိုးစားနေကြောင်း သိစေလိုပါသည်။ သို့အတွက် ဝီကီမျိုးစိတ်တွင် ဘာသာပြန်ဖို့ ကိရိယာလေးတစ်ခုထည့်ပေးထားပြီး သင့်အနေနဲ့လည်း အကူအညီနှင့် လမ်းညွှန်ချက်စာမျက်နှာကို ကူညီဘာသာပြန်ပေးဖို့ ဖိတ်ခေါ်ပါသည်။

စာမျက်နှာအားလုံးကို အောက်ဖော်ပြပါစာတွဲများဖြင့် တွေ့ရှိနိုင်ပါသည်:

  • ဝီကီမျိုးစိတ်: (Wikispecies)
  • အကူအညီ: (Help)
  • မီဒီယာဝီကီ: (MediaWiki)
  • တမ်းပလိတ်: (Template)

ပြင်သစ်စာကဲ့သို့သော အချို့ဘာသာစကားများတွင် အကြောင်းအရာနှင့် Colon (:) အကြား၌ ကွက်လပ်ချန်ပြီး ရေးထုံးရှိပါသော်လည်း မီဒီယာဝီကီတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုသို့ရေးသား၍ မရနိုင်ပါ။ ဥပမာအားဖြင့် Help : အရေးအသားကို ကျေးဇူးပြု၍ ရှောင်ကြဉ်ပေးပါ။ Help: ကဲ့သို့သော ပုံစံကိုသာ အသုံးပြုပေးပါ။

သင်ဘယ်လိုကူညီနိုင်မလဲ။

  • သင့်အနေဖြင့် ဘာသာပြန်ဖို့ လိုအပ်နေသော စာမျက်နှာများကို အမှတ်အသားပြုထားခဲ့နိုင်ပါတယ်။ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဒီနေရာ မှာ စုံစမ်းနိုင်ပါတယ်။ အဲ့ဒီအခါမှာ ဘာသာပြန်မှုဆိုင်ရာ အက်ဒမင်တွေက စာမျက်နှာကို ဘာသာပြန်ဖို့အတွက် စတင်လုပ်ဆောင်စေပါမယ်။
  • သင့်အနေဖြင့် "ဘာသာပြန်ပါ" ဆိုသည့် မှတ်ချက်ကို စာမျက်နှာတစ်ခု၏ ထိပ်ဘက်မှာ တွေ့ပါကလည်း ထိုစာမျက်နှာကို ဘာသာပြန်နိုင်ပါတယ်။ ဒါမှမဟုတ် Special:Translate နှင့် Special:PageTranslation စာမျက်နှာတွေမှာရော ကူညီဘာသာပြန်ပေးနိုင်ပါတယ်။
  • သင့်အနေဖြင့်လည်း အထက်ပါစာတွဲများကို သင့်ဘာသာစကားနှင့် ပတ်သက်သော လင့်ခ်များဖြင့် အစားထိုးထည့်သွင်းနိုင်ပါတယ်။ ထိုအခါ ဒီ Special:MyLanguage/ ကို အသုံးပြုပါ။ ဒီလို ပြင်လိုက်တဲ့ လင့်ခ်ဟာ အသုံးပြုသူတွေကို သူ၏ Preference Settings အရ သူ့ဘာသာစကားဖြင့် ရေးသားထားသော စာမျက်နှာသို့ လမ်းညွှန်ပေးသွားမှာပါ။
    ဥပမာအားဖြင့် [[Wikispecies:Policy|Policy]] ကို [[Special:MyLanguage/Wikispecies:Policy|Policy]] ပုံစံဖြင့် ပြောင်းလဲပေးလိုက်တာမျိုးပေါ့။
    ဒီ [[Wikispecies:Policy]] လိုမျိုးအခြေအနေမှာတော့ သင့်အနေဖြင့် Pipe Divider ("|") ဖြင့် မူရင်းလင့်ခ်အတိုင်ခင်နေရာမှာ ခွဲခြားပေးဖို့ လိုပါလိမ့်မယ်။ နမူနာအားဖြင့် ဒီလိုပါ— [[Special:MyLanguage/Wikispecies:Policy|Wikispecies:Policy]]
  • သင့်အနေဖြင့် မျိုးစိတ်ခွဲခြားရာမှာ အဆင့်အတန်းတစ်ခုစီကို တစ်သမတ်တည်းရှိစေဖို့အတွက် Wikispecies:Localization ကို အသုံးပြုပေးပါ။
  • သင့်အနေဖြင့် ကျွန်ုပ်တို့ကို ကူညီဘာသာပြန်ပေးလိုပါက ဒီနေရာမှာ ဘာသာပြန်ဆိုဖို့လိုမည့် စာမျက်နှာများကို ရှာဖွေနိုင်ပါတယ်။ သင့်ဘာသာပြန်လိုသော ဘာသာစကား၏ ISO 639 ဘာသာစကားကုဒ်နံပါတ်ကို ရိုက်ထည့်ရုံပါပဲ။ (ဥပမာ - မြန်မာဘာသာစကားအတွက် ISO 639 ဘာသာစကားကုဒ်နံပါတ်မှာ "my"၊ ရှမ်းဘာသာစကားအတွက် "shn" စသည်တို့ဖြစ်ပါတယ်။) ဒီလိုရိုက်ထည့်လိုက်တဲ့အခါ စာမျက်နှာတွေဟာ ဘာသာပြန်ဆိုပြီးစီးမှုရာခိုင်နှုန်းအလိုက် ကျလာမှာဖြစ်ပါတယ်။
  • မေးမြန်းစရာများရှိပါက Translation Administrators' Noticeboard ကို အသုံးပြုပေးပါ။


ကံကောင်းပါစေ။