ဗဟိုစာမျက်နှာ
|
ကြိုဆိုပါသည်
မည်သူမဆို ပြင်ဆင်နိုင်သော အခမဲ့မျိုးစိတ်လမ်းညွှန် တိရစ္ဆာန်၊ အပင်၊ မှိုများ၊ ပရိုတီစတာ၊ ယူကာယိုတာ၊ ဘက်တီးရီးယား၊ အာခီးယာနှင့် အခြားသက်ရှိပုံစံများအကြောင်း လွှမ်းခြုံထားပါသည်။ ဆောင်းပါးပေါင်း 932,082 ရှိပါသည်။ ဝီကီမျိုးစိတ်သည် အခမဲ့ဖြစ်သည်၊ အကြောင်းမှာ သက်ရှိသည် public domain ထဲတွင်ရှိသောကြောင့်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို တွယ်တာ @Wikispecies တွင် စစ်ဆေးကြည့်နိုင်ပါသည် ကျွန်ုပ်တို့တွင် IRC Channel #wikispeciesconnect လည်းရှိပါသည်။ |
တက်ဆွန် လမ်းညွှန်
|
ဝီကီမျိုးစိတ်ကို လေ့လာစူးစမ်းရန်
ZooKeys နှင့် ပူးတွဲဆောင်ရွက်ခြင်း ဝီကီမျိုးစိတ်နှင့် ZooKeys တို့ကြား ပူးတွဲဆောင်ရွက်မှုအား ကြေညာခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် PhytoKeys နှင့်လည်း ပူးတွဲဆောင်ရွက်ခဲ့သည်။ ZooKeys နှင့် PhytoKeys တို့၏ ဓာတ်ပုံမျိုးစိတ်များကို ဝီကီမီဒီယာ ကွန်မွန်းစ်သို့ အက်ပလုဒ်တင်မည်ဖြစ်ပြီး ဝီကီမျိုးစိတ်တွင် အသုံးပြုမည်ဖြစ်ပါသည်။
ထင်ပေါ်ကျော်ကြား စာရေးသူကားလ် လင်းနီးယပ် (၁၇၀၇–၁၇၇၈) ကားလ် လင်းနီးယပ် (Carl Linnaeus) သည် ဆွီဒင်လူမျိုး ဇီဝဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ရုက္ခဗေဒ နှင့် သတ္တဗေဒ နှစ်မျိုးလုံးကို အထူးတလည် လေ့လာလိုက်စားခဲ့၍ ဒွိနာမစနစ် ပါဝင်သည့် ခေတ်သစ်ဇီဝဗေဒ အမည်ပေးစနစ်ကို စွန့်ဦးဖော်ထုတ်ခဲ့သူ ဖြစ်ရာ သူ့ကို ခေတ်သစ်အမည်ပေးစနစ်၏ ဖခင်ကြီး (The Father of Modern Taxonomy) ဟု လူသိများထင်ရှား၏။ ထို့အပြင် ခေတ်သစ် ဂေဟဗေဒ၏ ဖခင်ကြီးဟုလည်း သမုတ်သေးသည်။ သူပြုစုရာ စာစုအများဆုံးကို လက်တင်ဘာသာဖြင့် တွေ့ရသည်။ သူသည် ဆေးလက်တွေ့ပါရဂူဘွဲ့ကို နယ်သာလန်နိုင်ငံတွင် ရယူခဲ့ပြီး ဆရာဝန် သမားတော်တစ်ဦးအဖြစ်လည်း ရပ်တည်ခဲ့ဖူး၏။ သူ့ကို ဆွီဒင်နိုင်ငံ တောင်ပိုင်းရှိ စမြွက်လန်ကျေးလက်ဒေသ၊ ရီးရှားရွာတွင် မွေးဖွားသည်။ သူ၏အထက်တန်းပညာရေးကို အပ်စလာ တက္ကသိုလ်တွင် သင်ကြားခဲ့ပြီး သူ့အသက် ၂၃ အရွယ် ၁၇၃၀ ခုနှစ်တွင် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားပင် ဖြစ်လင့်ကစား ရုက္ခဗေဒ တက္ကသိုလ်ဆရာအဖြစ် စာသင်ကြားပို့ချခဲ့ဖူး၏။ အသက် ၂၈ ကျော်လွန်သော် ၁၇၃၅ မှ ၁၇၃၈ အတွင်း နိုင်ငံရပ်ခြား(နယ်သာလန်)တွင် ဆေးလက်တွေ့ပါရဂူဘွဲ့အတွက် ပညာဆက်လက်သင်ကြားပြီး သူ၏ ပထမဆုံးစာအုပ်အဖြစ် Systema Naturae အမည်ရှိ ဇီဝဗေဒဆိုင်ရာ အမျိုးအစားခွဲခြားနည်းစာအုပ်ကို ၁၇၃၅ တွင် နယ်သာလန်နိုင်ငံ၌ စတင်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထို့နောက် ဆွီဒင်နိုင်ငံသို့ ၁၇၃၈ ဇွန်လ ၂၈ တွင် ပြန်လာခဲ့ပြီး ဆေးပညာနှင့်ရုက္ခဗေဒ၏ ပါမောက္ခတစ်ဦး ဖြစ်လာခဲ့၏။ ၁၇၄၀ နောက်ပိုင်းတွင် ဆွီဒင်နိုင်ငံတစ်ဝန်း ခရီးရှည်များထွက်ပြီး အပင်နှင့်တိရစ္ဆာန်များကို ရှာဖွေကာ အမျိုးအစားခွဲခြားခဲ့သည်။ အသက် ၄၃ နှစ်အရွယ် ၁၇၅၀ တွင် လင်းနီးယပ်သည် အပ်စလာ တက္ကသိုလ်၏ ပါမောက္ခချုပ် ဖြစ်ခဲ့၏။ သူစာသင်ကြားရာတွင် တပည့်အများအပြားက ကြိုက်နှစ်သက်ကြပြီး ကမ္ဘာတစ်ဝှမ်းရှိ အပင်မျိုးစိတ် နမူနာများကို ရယူစေကာ အတော်ဆုံးတပည့်များကို သူ၏ apostles များဟု ချီးမွမ်းလေ့ရှိသည်။ သူ့တပည့်များကို ကိုယ်တိုင် ဆန်းစစ်တတ်ရန် သင်ကြားလေ့ရှိပြီး သူအပါအဝင် မည်သူပြောသည်ကိုမျှ လွယ်လင့်တကူ မယုံကြည်ကြစေရန် သွန်သင်တတ်၏။ ၁၇၅၀ နှင့် ၁၇၆၀ ဝန်းကျင်တွင် တိရစ္ဆာန်များ၊ အပင်များ၊ သတ္တုဓာတ်များကို စုဆောင်းကာ အမျိုးအစားခွဲခြားပြီး စာစောင်အတွဲပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေခဲ့၏။ ၁၇၇၂ ဒီဇင်ဘာတွင် ကျန်းမာရေးချို့တဲ့လာသဖြင့် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ၁၇၇၃ တွင် တင်ပါးဆုံကြော ရောင်ရမ်းနာ ဝေဒနာကို ခံစားခဲ့ရကာ နောက်တစ်နှစ်အတွင်း ကိုယ်တစ်ခြမ်း လေဖြန်းခဲ့ရ၏။ ၁၇၇၆ တွင် ဒုတိယအကြိမ် လေဖြတ်ရောဂါကို ခံစားခဲ့ရပြီး ညာဘက်တစ်ခြမ်းလုံး မလှုပ်ရှားနိုင်တော့ချေ။ သူ၏ မှတ်ဉာဏ်များလည်း ပျောက်ဆုံးခဲ့ရတော့သည်။ သူကိုယ်တိုင်ရေးခဲ့သော စာများကိုပင် မမှတ်မိတော့။ ၁၇၇၇ တွင် နောက်တစ်ကြိမ် လေဖြတ်ရာ ၁၇၇၈ ဇန္နဝါရီ ၁၀ ရက် သူ၏အသက် ၇၁ မပြည့်မီ ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်၌ သူ့ကို ဥရောပတွင် ဂုဏ်ပြုထိုက်သော သိပ္ပံပညာရှင်များအနက် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လင်းနီးယပ်ကွယ်လွန်ပြီးနောက်ပိုင်း ၁၈ ရာစုအတွင်း လင်းနီးယပ်၏ အမျိုးအစားခွဲနည်းပညာသည် ဇီဝဗေဒတွင် ကျယ်ပြန့်ခဲ့ရာ ယခုခေတ်အထိ တွင်ကျယ်နေဆဲ ဖြစ်သည်။ လင်းနီးယပ်တည်ဆောက်ခဲ့စဉ်က လောက (Kingdom) သုံးခုသာ ရှိခဲ့သည်။ လောကအောက်တွင် မျိုးပေါင်းစု (Phylum/Division) တို့ကို မတွေ့ရသေးဘဲ မျိုးခွဲ (class) အဖြစ် ခွဲခြားထားခဲ့သည်။ မျိုးစဉ် (Order) ပါဝင်ခဲ့သော်လည်း ၎င်းအောက် မျိုးရင်း (Family) မပါဝင်သေးချေ။ ခေတ်သစ် အမျိုးအစားခွဲနည်းပညာတွင်မူ အဆိုပါ မျိုးပေါင်းစုနှင့်မျိုးရင်းတို့ ပါဝင်လာခဲ့သည်။ |
Species of the monthPincushion CactusCochemiea fraileana (Britton & Rose) P.B.Breslin & Majure in Taxon 70(2): 319. (2021) Some facts about this taxon, one of several species in tribus Cacteae to be called "Pincushion Cactus":
Cochemiea fraileana is pricky but beautiful, with bell-shaped pink flowers. The elongated, club-shaped fruit is pinkish-lilac or red, and the seeds are black. Studies have shown that this species is a pioneer cactus in rock-colonizing. It belongs to the largest of several genera of diminutive cacti with about 175 species worldwide. This plant is not very widely cultivated, because it needs a certain amount of heat in the winter, and a moist atmosphere while rooted in a fairly dry substrate. Propagation can be achieved either by vegetative reproduction via cuttings, or sexually by seeds: note however that the plant needs maximum sunlight to grow and achieve success in flowering. Letting the plant rest in winter to shrivel, even losing up to 25% of its summer height, will help the flowering process. See also: Species of previous months. |
|
ဝီကီမျိုးစိတ်ကို အကျိုးအမြတ်မယူသည့် ပရဟိတအဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်း မှ လွှင့်တင်ပြီး အောက်ပါအခြား ပရောဂျက်များကိုလည်း လွှင့်တင်ထားပါသည်။
|














